To the central content area :::
regional/nasional-內頁
::: To the bottom Area

နှစ်သစ်အတွက် ဆုတောင်းလွှာများကို ရေးသားပေးကြခြင်း

2015-02-06 13:30

  ဖျင်တုန်းဒေသအစိုးရသည် ကောင်းရှုံရုံးခွဲရှိ ထိုင်ဝမ်တွင်ရောက်ရှိနေသော အမေရိကန် နိုင်ငံသားများအဖွဲ့မှ ညွှန်ကြားရေးမှူးနှင့် ဂျပန်မှအဖွဲ့ဝင်များအား နှစ်သစ်အတွက် ဆု တောင်းလွှာများကို ရေးသားပေးသည့် လှုပ်ရှားမှုပွဲတော်သို့ ဖိတ်ကြားခဲ့ပါသည်။

  ခရိုင်မှူးက လတ်တလောတွင် ပျက်ကျခဲ့သော လေယာဉ်သတင်းကြောင့် ထိုင်ဝမ်နိုင်ငံ

အတွက်လည်း အေးချမ်းသာယာစေရန် ဆုမွန်ကောင်းများ တောင်းပေးကြောင်း၊ နောင်တွင် ၎င်းဒေသ၏ထွက်ကုန်များနှင့် ယဉ်ကျေးမှုများသည် နိုင်ငံတကာသို့ ပျံ့နှံ့ပါစေကြောင်း ဆုတောင်းခဲ့ပါသည်။

  ယင်းဒေသရှိ ယဉ်ကျေးမှုဋ္ဌာနက ၂ လပိုင်း ၇ ရက်နေ့နှင့် ၈ ရက်နေ့များတွင် နာမည် ကျော်ကြားသည့် လက်ရေးလှဆရာများအား ဖိတ်ကြားကာ ပြည်သူများအတွက် နှစ်သစ် ဆုတောင်းလွှာများကို ရေးသားပေးကြမည်ဖြစ်ကြောင်း၊ အသေးစိတ်ကို ဒေသအစိုးရ၏

ဝက်ဘ်ဆိုက်တွင် လေ့လာနိုင်ကြောင်း ပြောကြားခဲ့ပါသည်။

 

Write your comment
Auth Code
Top