ကမ္ဘာကျော်ဂုတ်ထိပ်တံတားကို သံလမ်းပြေးမော်တော်ယာဉ်ဖြင့် လည်ပတ်နိုင်မည်
ရှမ်းပြည်နယ်နောင်ချိုမြို့နယ်ရှိ ကမ္ဘာကျော်ဂုတ်ထိပ်တံတားသို့ လာရောက်လည်ပတ်
သည့် ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်ရန် ယင်းတံတားကြီးပေါ်ဖြတ်သန်းသွားလာ
မည့် နောင်ချို-နောင်ပိန်ဘူတာ အသွားအပြန်ခရီးစဉ်ကို သံလမ်းပြေးမော်တော်ယာဉ်ဖြင့်
ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမန်နေဂျာ ဦးကျော်စိုးလင်းက ပြောကြားသည်။
ယင်းတံတားကြီးသည် သက်တမ်းနှစ်တစ်ရာကျော်ရှိပြီဖြစ်ကာ အရှည် ၂၂၆၀ ပေရှည်
လျားပြီး ဗမာ့မီးရထားလမ်းကုမ္ပဏီမှ ဗြိတိသျှ၊ မြန်မာအင်ဂျင်နီယာများ ပါဝင်တည်ဆောက်
ထားခြင်းဖြစ်သည်။