(宜蘭)(ရီလန်) မိဘနှင့်ကလေး လှုပ်ရှားမှု
ရီလန်ခရိုင်ရှေ့နေရုံးနှင့် ရီလန် (張老師)(ဆရာကျန်း)စင်တာတို့မှ ၂လ၇ရက်၊ ၈ရက်တွင် ပြောင်းရွှေ့နိုင်ငံသား၊ကြင်ဖော်မဲ့၊ချို့တဲ့ မိသားစုများ စိတ်အားထက်သန်စွာ ပါဝင်ကြရန် ဖိတ်ခေါ်ပါသည်။ မိဘပညာရေးဗဟုသုတနှင့် စွမ်းရည်မြှင့်တင်ရန် ကျွမ်းကျင်ပညာရှင်များမှ လမ်းညွှန်မှုနှင့် ကလေးများ အားကစား အတွေ့အကြုံများမှတဆင့် ကလေးနှင့်မိဘကြား နီးစပ်မှုရှိရန် မျှော်လင့်ပါသည်။ (冬山)(သုံးစန်း)ဒေသ မြို့နယ်ခန်းမ၌ မိဘနှင့်ကလေး အတူတကွ အစားအသောက်များ DIY ပြုလုပ်ခြင်းမှတဆင့် နည်းလမ်းများ လေ့လာစူးစမ်း ခဲ့သည်။ အများပြည်သူများမှ ရီလန်ဆရာကျန်းစင်တာ၌ အမည်စာရင်းပေးသွင်းရန် ကြို ဆိုပါသည်။