跳到主要內容區塊 :::
地方新聞-內頁
::: 跳至下方選單區

(雲林)(ယွင်လင်)ဒေသ အုပ်ချုပ်ရေးမှူးက ချို့တဲ့သော နိုင်ငံခြားဖခင်များအား ကူညီခြင်း

2014-08-08 15:10

 (雲林)(ယွင်လင်)ဒေသ (台西)(ထိုင်ရှီး)ကျေးရွာတွင် နေထိုင်သည့် (蘇拉朋)(စူးလား

ဖုံ)သည် ယိုးဒယားမှ အိမ်ထောင်ကျကာ ရောက်ရှိလာသူဖြစ်ပါသည်။

  ၎င်း၏ အသက် ၁၀ နှစ်အရွယ် သမီးသည် ရောဂါဆန်းတစ်မျိုးကို ခံစားနေရသဖြင့် ဇနီး

သည်က အလုပ်ထွက်ကာ စောင့်ရှောက်နေရပါသည်။ ထို့ကြောင့် အိမ်ရှိစရိတ်များအားလုံး

နှင့် ယိုးဒယားမှ မိဘနှစ်ပါးကို (蘇拉朋)(စူးလားဖုံ) တစ်ဦးတည်းမှ ရှာဖွေကျွေးမွေးနေရသ

ဖြင့် အလွန်ဒုက္ခရောက်နေပါသည်။

   (雲林)(ယွင်လင်)ဒေသ အုပ်ချုပ်ရေးမှူး(蘇治芬)(စူးကျစ်ဖိန်း)က ၇ ရက်နေ့တွင် လူ

မှုဖုံလုံရေးအဖွဲ့နှင့်အတူ ၎င်းတို့ထံ သွားရောက်ခဲ့ပြီး လူမှုဖူလုံရေးဋ္ဌာနနှင့် ပညာရေးဋ္ဌာနတို့

ကို ၎င်းမိသားစုအားစောင့်ရှောက်ရန် မှာကြားခဲ့ပါသည်။

  လူမှုဖူလုံရေးဋ္ဌာနမှ (陳怡君)(ချိန်ရီကျွင်း)က ၂၀၁၃ ခုနှစ် ၉ လ ပိုင်းမှစတင်ကာ ရောဂါ

သည် သမီးငယ်အတွက် ကျန်းမာရေးကဒ်လုပ်ပေးခဲ့ကာ ထောက်ပံ့ငွေများကိုလည်းပေးခဲ့

ကြောင်း၊ မသန်စွမ်းသူများ မူလတန်းကျောင်းတွင်လည်း ပညာသင်စေခဲ့ကြောင်း ပြောကြား

ခဲ့ပါသည်။

  အုပ်ချုပ်ရေးမှူးက (雲林)(ယွင်လင်)ဒေသရှိ အခြားသော နိုင်ငံခြားသားဖခင် ၃၀၀ ကျော်တို့အား ဖခင်များနေ့တွင် ၎င်းတို့ပင်ပန်းခဲ့သည်များကို လှိုက်လှဲစွာ ကျေးဇူးတင် ရှိကြောင်း ပြောကြားခဲ့ပါသည်။

 

 

留下回應
驗證碼
回到頁首